အိုင်တီခေတ်ြကီးမှာ.....
တိုင်မှီနေလို့ မဖြစ်တော့တာနဲ့
အင်တာနက်ရေစီးကြောင်းထဲ
အများနည်းတူ ငါလဲ စီးမျောခဲ့ပါတယ်
ဂျီထော့(GTalk)ဂျီမေး(Gmail)ကအစ
ဘလော့၊၀က်ဆိုဒ်တွေအဆုံး
ငါတော့ လေ့လာနေရတုန်းပဲ
နည်းပညာတွေက လေ့လာလို့ မဆုံးဘူးလေ..
လေ့လာဆဲ ခရီးလမ်းတစ်ဝက်မှာ
မတောက်တစ်ခေါက် နည်းပညာရပ်လေးနဲ့
ဘလော့ ၀က်ဆိုဒ်တွေ ငါဖွင့်လျက်
အင်တာနက်ခရီး စထွက်ခဲ့ပါပြီ..
ဒါပေလည်း..
အချစ်စစ်ရဲ့လမ်းကြောင်းဟာ
မဖြောင့်တန်းသလို
အင်တာနက်ခေတ်ရဲ့ ခရီးအစဟာလည်း
မဖြောင့်တန်းခဲ့ပါဘူး..
ဖေကူးမလိုလိုနဲ့ သွေးဆူအောင် လုပ်တဲ့သူတွေရှိသလို
ဖေးမ မလိုလိုနဲ့ ဘေးချမဲ့သူတွေကလည်း ဒုနဲ့ဒေး
ဘလော့အချင်းချင်း လင့်ချိတ်ကြတာ
ခင်မင်စရာ ကောင်းပေမယ့်
နာမည်မရှိတဲ့ ဘလော့လေးတွေကိုတော့
သူတို့တွေ လက်ရှောင်ကြတယ်လေ..
"ဆရာကြီး"ဆိုတဲ့ အထာကြီးတွေနဲ့ပေါ့..
ဆရာကြီးဆိုတဲ့ သူတို့တွေကော
ဘယ်အဆင့်က စခဲ့ကြရသလဲ
ငါမမေးရဲဘူး..(စိတ်ဆိုးမှာစိုးလို့)
လင့်ချိတ်ခ ဘယ်လောက်ပေးရမလဲ
ငါ မေးကြည့်ချင်တယ်..
ဆရာကြီးဆိုတဲ့ အထာကြီးနဲ့
ဘယ်အချိန်ထိ ရှင်သန်နိုင်မလဲ
ငါ သိတာကတော့..
အားလုံး တစ်နေ့တော့ သေကြရမှာဘဲ..
ဒီဘ၀ ခဏထားလိုက်ဦး
နောင်ဘ၀အတွက်
ဆရာကြီးဆိုတဲ့ အထာကြီးက
ဘယ်လောက်ထိ အာမခံချက်ပေးမှာမို့လဲ..
ဆရာကြီးးတို့တွေရဲ့ အထာကို
ဘေးဖယ်ထားပီး
ဘလော့ဂါအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေလို့...
ဆန်းသစ်အောင်
(မှတ်ချက်)မေးထဲရောက်လာသောဘလော့ဂါငယ်တစ်ဦး၏စာအား ခံစားရေးဖွဲ့ပါသည်
တိုင်မှီနေလို့ မဖြစ်တော့တာနဲ့
အင်တာနက်ရေစီးကြောင်းထဲ
အများနည်းတူ ငါလဲ စီးမျောခဲ့ပါတယ်
ဂျီထော့(GTalk)ဂျီမေး(Gmail)ကအစ
ဘလော့၊၀က်ဆိုဒ်တွေအဆုံး
ငါတော့ လေ့လာနေရတုန်းပဲ
နည်းပညာတွေက လေ့လာလို့ မဆုံးဘူးလေ..
လေ့လာဆဲ ခရီးလမ်းတစ်ဝက်မှာ
မတောက်တစ်ခေါက် နည်းပညာရပ်လေးနဲ့
ဘလော့ ၀က်ဆိုဒ်တွေ ငါဖွင့်လျက်
အင်တာနက်ခရီး စထွက်ခဲ့ပါပြီ..
ဒါပေလည်း..
အချစ်စစ်ရဲ့လမ်းကြောင်းဟာ
မဖြောင့်တန်းသလို
အင်တာနက်ခေတ်ရဲ့ ခရီးအစဟာလည်း
မဖြောင့်တန်းခဲ့ပါဘူး..
ဖေကူးမလိုလိုနဲ့ သွေးဆူအောင် လုပ်တဲ့သူတွေရှိသလို
ဖေးမ မလိုလိုနဲ့ ဘေးချမဲ့သူတွေကလည်း ဒုနဲ့ဒေး
ဘလော့အချင်းချင်း လင့်ချိတ်ကြတာ
ခင်မင်စရာ ကောင်းပေမယ့်
နာမည်မရှိတဲ့ ဘလော့လေးတွေကိုတော့
သူတို့တွေ လက်ရှောင်ကြတယ်လေ..
"ဆရာကြီး"ဆိုတဲ့ အထာကြီးတွေနဲ့ပေါ့..
ဆရာကြီးဆိုတဲ့ သူတို့တွေကော
ဘယ်အဆင့်က စခဲ့ကြရသလဲ
ငါမမေးရဲဘူး..(စိတ်ဆိုးမှာစိုးလို့)
လင့်ချိတ်ခ ဘယ်လောက်ပေးရမလဲ
ငါ မေးကြည့်ချင်တယ်..
ဆရာကြီးဆိုတဲ့ အထာကြီးနဲ့
ဘယ်အချိန်ထိ ရှင်သန်နိုင်မလဲ
ငါ သိတာကတော့..
အားလုံး တစ်နေ့တော့ သေကြရမှာဘဲ..
ဒီဘ၀ ခဏထားလိုက်ဦး
နောင်ဘ၀အတွက်
ဆရာကြီးဆိုတဲ့ အထာကြီးက
ဘယ်လောက်ထိ အာမခံချက်ပေးမှာမို့လဲ..
ဆရာကြီးးတို့တွေရဲ့ အထာကို
ဘေးဖယ်ထားပီး
ဘလော့ဂါအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေလို့...
ဆန်းသစ်အောင်
(မှတ်ချက်)မေးထဲရောက်လာသောဘလော့ဂါငယ်တစ်ဦး၏စာအား ခံစားရေးဖွဲ့ပါသည်
အရမ်း မိုက်တယ် ဒီကဗျာ။
ReplyDeleteခု အဲ့ဒီကိစ္စကိုပဲ ပေါက်ကွဲပြီး အိမ်ပြန်လာတာ။
ဆရာကြီးဆိုတဲ့ အထာကြီးနဲ့လူတွေနဲ့ တွေ့ခဲ့လို့
မတူသလို မတန်သလိုနဲ့... ရသစာပေတွေ ကဗျာတွေ မရေးနိုင်လို့ပဲ သူတို့က အဲ့လို ဆက်ဆံတာလား။ သူတို့ကိုလည်း ကိုယ်က သွားမိတ်မဆက်ပါဘူး ဟွန်း ပြောရင်းစိတ်တိုလာပြန်ပြီ။ ဂျီတော့က သူငယ်ချင်းတွေကိုပြောပြီး ပေါက်ကွဲလိုက်ဦးမယ် =.=
This comment has been removed by a blog administrator.
ReplyDeleteဒီကဗျာလေးကခံစားသွားပါတယ်
ReplyDeleteလင့်ချတ်ထားပြီလာလယ်အုံးနော့