လာရောက်လည်ပတ်သူအားလုံးကိုသဲကွဲမျက်ရည်မှထူးကျေးဇူးတင်ရှိပါတယ်ခင်မျာ


Wednesday, March 28, 2012


 

 မြင်ရတွေ့ ရတော့ စိတိမကောင်းပါဘူး။ ဘယ်နေရာ ဘယ်ဒေသမှာ ဘာကြောင့် ဒီလို ဖျက်ဆီးခံရတယ်လို့ တိတိပပ မသိရပါဘူး။ Myanmar Express ကွန်မင့်တစ်ခုမှာတော့ မလေးရှားမှာလို့ သိရပါတယ်။ တကယ်တော့ ခု အစ္စလမ်ဘာသာကို ယုံကြည်ကိုးကွယ်နေတဲ့ မလေးရှား ၊ အင်ဒိုနီးရှား ၊ ဂျားဗား စတဲ့ တ၀ှိုက်ရယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ နဂုံပထုံဆိုတဲ့ အရပ်ရယ်၊ မြန်မာပြည်က သထုံ၊ မုတ္တမ တ၀ှိုက်ရယ်ကို သုဝဏ္ဏဘူမိအရပ်ရယ်လို့  ငြင်းခုန်ခဲ့ရလောက်အောင် ဗုဒ္ဓဘာသာထွန်းကားခဲ့ပါတယ်။ (မှတ်ချက်....ပညာရှင်များက သုဝဏ္ဏဘူမိအရပ်ကိုအမျိုးမျိုးအငြင်းပွါးနေကြသော်လည်း ချက်ကြီးက အသောကကျောက်စာရှမ်းတမ်းအဆိုအရ ခြုံငုံယူဆချက်ကိုလက်ခံသည်။) ခုအချိန်မှာတော့ မလေးရှားကျွန်းဆွယ်ဒေသတစ်ခုလုံးဟာ သိကြတဲ့အတိုင်းပါပဲ။ ဘာသာတွေထဲမှာ အစ္စလာမ်ဘာသာကို သတိထားဆက်ဆံရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ လက်ရှိသူတို့ ကြောင့်ပဲ ပြဿနာတွေရှုပ်ထွေးနေပါတယ်။
မြန်မာတွေဗုဒ္ဓဘာသာဝင်တွေ အသိတရား တိုးပွါးကြပါစေ။  "
                                         "တစ်စင့်ကူးရူတင်းပြတာပါ"

ဆံပင်အရှည် ၅ ပေ ၂ လက်မရှိ ဘရာဇီးလ် မိန်းကလေးတဲ့ ( မိုက်တယ်ကွာ ) :)

ဘရာဇီးလ်နိုင်ငံမှ အသက် ၁၂ နှစ်အရွယ် နာတာရှာ မိုရေ့စ်ဆိုသည့် မိန်ကလေးမှာ သူမ၏ ဆံပင်အား ပထမဆုံးအကြိမ် ဖြတ်တောက်၍ ရောင်းချရန် စီစဉ်နေသည်။ ရီယိုဒီဂျနေရိုမြို့တွင် နေထိုင်သည့် နာတာရှာသည် အရပ် ၅ ပေ ၃ လက်မရှိပြီး သူမ၏ ဆံပင်အရှည်မှာ ၅ ပေ ၂ လက်မရှိနေပြီဖြစ်သည်။ နာတာရှာသည် တစ်ပတ်လျှင် တစ်ကြိမ် ခေါင်းလျှော်ရာ၌ ခေါင်းလျှော်ရည် တစ်ပုလင်းကုန်လေ့ရှိသည်။ ယခုအခါ နာတာရှာက သူမ၏ ဆံပင်ကိုဖြတ်၍ ပေါင်စတာလင် ၃,၅၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

"Ladies.......များရဲ့ချစ်သူကဗျာ."

"Ladies.......များရဲ့ချစ်သူကဗျာ."
အချက်အပြုတ်             ......မောင့်   အလုပ်။
အဖြေးအလွှား              ........မောင်  ဈေးသွား။
အဖွတ်အလျှော်            ........မောင်   ပဲနော်။
ကလေးထိန်းကျောင်း   ........မောင်   ပဲကောင်း။
ကျောင်းကြိုကျောင်းပို   ........မောင့်   အဖို့။
ထင်းမီးသွေးဝယ်          ........မောင်  ပဲကွယ်။
ဆန်ဆီရှာလည်း           ........မောင်  ပါပဲ။
ဖျားနာ ပြုစု                   ........မောင်  ပဲကု။
သို့သော်.......သို့သော်...........
အင်္ကျီဝယ်ချုပ်              ........မောင်  မဟုတ်။
လက်ဝတ်ရတနာ         ........ ခင်  အတွက်ပါ။
ဗိုလ်ချုပ်ဈေးသွာ          ........မောင်း  မတား။
အလှပြင်ဆိုင်               ........ခင်    ပဲထိုင်း။
သစ်ဆန်းအထည်        .........ခင့်   ပဲဝယ်။
ဘာပဲပြောပြော            .........ခင့်   သဘော။
"""""'"'ဟုတ်တယ်....တစ်ကယ်ချစ်သွားပြီထင်တယ်""
 ၁)ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင်ထားပြီး သူဆီက မက်ဆေ့ ဒါမှမဟုတ်     ဖုန်းကို စောင့်နေမိတယ်ဆိုရင် သူ့ကိုယ်ချစ်မိသွာလို့ပဲ။
 (၂)သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင်
သူကို ကိုယ်ချစ်မိသွာလို့ပဲ။
 (၃)အတူ ရှိနေတဲ့အချိန်း သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေမယ့် ကိုယ့်မြင်ကွင်း
 ထဲကနေ သူပျောက်သွာရင်း အပူတပင် လိုက်ရှာတက်တာ သူ့ကို ချစ်မိသွာလိုပဲ။
 (၄)သူဖျားနာနေရင် ထိခိုက်ဒဏ်ရာ ရလာရင် လွန်းတာထက် ပိုစိုးရိမ်မိရင်
 သူကို ကိုယ်ကချစ်မိသွာလိုပဲ။
 (၅)တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထည်းကနေ မနာလို အူတိုမိရင် သူကို ကိုယ်ကချစ်မိသွာလိုပဲ။
 (၆)သူရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီ ကိုယ့်နှုပ်ခမ်းလေတွေပါ လိုက်တွန့်တက်ရင် သူ့ကို ကိုယ်ကချစ်မိသွားလို့ပဲ။
 (ရ)ဒီစာကို ဖက်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတ်ယနေမိရင်
 သူကို ကိုယ်က ချစ်မိသွာလိုပဲ။
                                                  "အသဲကွဲမျက်ရည်"
                          "တို့နှစ်ယောက်"
 မာနတွေ      ကိုယ်စီနဲ့    ထားရှိခဲ့တဲ့.....................
                   သံယောဇဉ်တွေ.............         ရင်ထဲမှာ       ကိုယ်စီဖြစ်ပေါ်နေတဲ့...........၊
                    ခံစားချက်တွေ...............................
          အဆက်သွယ်တွေ  ပျက်ပြီး  မမေ့နိုင်းကြတာတော့..........၊
                    စစ်မှန်တဲ့  ချစ်ခြင်းတရားတွေ......
          သေချာတာတစ်ခုကတော့   ဝေးကွာခြင်းရဲ့  နောက်ကွယ်မှာ...........၊
         မေ့ဖျောက်ချေဖျက်ပြစ်လို့   မရနိုင်းတဲ့..............
                     သတိရခြင်းတွေ.............................
             " ဒို့နှစ်ယောက်"  ကိုယ်စီရှိနေကြပါသေတယ်............
                
                           
                          "အသဲကွဲမျက်ရည်"
         ချစ်သူတို့.......

   ခင်တယ်ဆိုတော့
ကီးဘုတ်လေးက မီးတွေတောက်
ယုံပါဆိုတော့
လချောင်းလေးတွေ တစ်ဖျောက်ဖျောက်
ချိန်းတယ်ဆိုတော့
နည်းပညာအောက် အရောက်လာ
ပြောမယ်ဆိုတော့
လိုင်းကောင်းကောင်းလေး ရအောင်းရှာ
ဒီလိုဒီလို
တွယ်တာခဲ့ကြတာလေ


 ခင်မင်မှု့တွေ သံယောဇဉ်တွေ
နည်းပညာတွေ ကွန်းနက်ရှင်တွေက
အမှတ်တရ  ဆုံစေခဲ့ပေမယ့်
တို့ ဘဝတွေ  တိုးတက်ဖို
ခဏလေး  ဝေးကြမယ်ဆိုတော့
           Gtalk လေးကမျက်ရည်ကျတယ်
    "အသဲကွဲမျက်ရည်"'

အွန်းလိုင်းပေါ်ကအချစ်

   "အွန်လိုင်းပေါ်ကအချစ်"
နေညိုမှောင်းမဲ အို....မပြောင်းဘဲ
လွမ်းလျှရင်မှာ...သူပြန်အလာဝယ်
မျှော်ကာစောင့်စား ကွန်းပျူတာအနားလည်း
မခွါနိုင်တယ်...။
ရေခြားမြေခြား ချစ်သူအသံမကြား
မမြင်နိုင်ကြားက စိုးထိတ်ပူပန်
ရင်ခုန်သံကိုမြန်စေတယ်..။
အွန်လိုင်းချက်တင် ဖြတ်ကနဲမြင်ရုံ
လှစ်ကနဲပြုံးတတ် င့်နှုတ်ခမ်းတို့
သက်ဝင်တယ်....။
ချိုသာစကား သူ့အပြုံးက
ခွန်းအာသစ်ေး ဘဝင်အေးအောင်
ငါ့အလွမ်း ပြေစေတယ်...၊၊
     "အသဲကွဲမျက်ရည်"

Monday, March 26, 2012


ကိုကို မမတို့ရေ ဒါလေးကတော့ The Best English 4 you အင်္ဂစား စတင်လေ့လာသူများအတွက်
သင်ာကားပိုပခြချက်ဖြစ်ပါတယ် အျခိန်တိုတို အတွင်းမှာ အင်္ဂလိပ်လို အမြန်ပြောဆိုနှိုင်ဘို့ နည်းလမ်း
(၇)ချက်ဖြစ်ပါတယ် သေသေချာချာအသံဖိုင်ကော စာအုပ်ဖိုင်ကော်ဒေါင်းလုပ့်လို့ရပါတယ် မြန်မာလိုအသေ
အုခာရျင်းပြထားတာပါ အ၇မ်းကောင်းပါတယ် အနော်တော့ကြိုက်နျစ်တက်တယ်လေ နောက် ကလေးသီချင်းများ ဘာသာပြန်လက်တွေ့ ကမ္ဘာတလွှားရှိ တက္ကသိုလ်ကောလိပ်များcover letter ရေးနည်
လေ့လာ အတုယူစယာ လေကျင့်ခန်းစာဖြစ်ပါတယ် နားထောင်မှု့စွမ်းရည်အတွက်လေးကျင့်ခန်းစားဖြစ်ပါ
တယ် ကဲကြာပါတယ်ဗျာ လက်တွေ့သုံးကြည့်လိုက်ပါ  အောက်လင့်ကိုကလစ်ပါ 

Tuesday, March 20, 2012

ပေးဆပ်မှုများနဲ့ ငါ..ငါနဲ့ ပေးဆပ်မှုများ


တောတွင်းသားမျိုးစုံတွေ စားပြီး


စိတ်ကြီးဝင်နေတဲ့ တောရိုင်းကောင်တွေအတွက်


ဘာမှမထူးတော့တဲ့ ငါ့အသားတွေကို စားဘို့ လည်း လှိုက်လှဲစွာ


ဖိတ်ခေါ်နေသူပါ


ငါ့အသားတွေကို ကိုက်စားရမှ ဒင်းတို့တွေ ဗိုက်ပြည့်ကြမယ်ဆိုလျှင်


သင်တို့ရှိရာ နေရာရောက်အောင် ငါလာရောက် ၀ပ်စင်းပေးပါအံ့


ဒါပေမဲ့...


ငါ့အသားတွေကို မကိုက်စားခင်မှာ တစ်ခုလောက်တော့ မေးကြည့်ချင်သေးရဲ့


ဘာရည်ရွယ်ချက်နဲ့ ငါ့အသားတွေကို ဒင်းတို့တတွေ စားကြမှာလဲ?


ဒင်းတို့တွေလို ငါက အားကောင်းမောင်းသန်မဟုတ်လို့လား


ဒါမှမဟုတ်....


ငါက ဒင်းတို့တွေအပေါ်မှာ တစ်စုံတစ်ရာစော်ကားမိခဲ့လို့လား


ဒါမှမဟုတ်...


ဒင်းတို့တွေရဲ့ တောတွင်းကျော်ကြားမှူ ဂုဏ်သတင်းပါဝါကို မထိန်းနိုင်လို့လား


အဲဒီလို အတွေးစိတ်ကူးတွေနဲ့ ငါ့အသားကို ကိုက်စားချင်တယ်ဆိုရင်တော့


ဒင်းတို့တွေဟာ အနှစ်မဲ့ ကြက်ဆူတောထဲမှာ မင်းမူကြတဲ့သူတွေဆိုတာ သေချာပီ..


သေချာတာတစ်ခု ငါပြောကြည့်ရရင်..


ဒင်းတို့တွေကြောင့်


တောမီးတွေလောင်ပီး တောကြောင်တွေ လက်ခမောင်းခပ်ကြတော့မယ်..


ဘယ်သူမဆို မိမိရှင်သန်ပေါက်ဖွားရာ နေရာလေးတွေမှာ


စိတ်ကူးကိုယ်စီနဲ့ ပျော်ရွှင်စွာ နေချင်ကြတယ်မဟုတ်လား..


တောသစ်ဥ တောသစ်ဖုတွေ စားသူကစား


တောဂေါ်လီ တောဂိုက်ဖမ်းသူက ဖမ်း


ဟော့ပေါ့တွေ ဘူဖေးတွေ သွားစားသူက စား


ဂျော်ဒန်းနိုးတွေ စတက်တွေ ၀တ်ပီး မြို့ဂိုက်ဖမ်းသူက ဖမ်းနဲ့


ကိုယ်ကြိုက်ရာ ကိုယ်လမ်းလျှောက်လှမ်းနေကြတာပေါ့


တောရိုင်းကောင်တို့ရေ.....


ငါဟာ ဒင်းတို့အတွက် ရှင်သန်လာသူမဟုတ်ပေမယ်.


ငါ့အသားကို စားရမှ ဒင်းတို့တွေ အသက်ရှင်သန်ကြမယ်ဆိုရင်


မရှိမဲ့ ရှိမဲ့ ငါ့ဂုဏ်သိက္ခာတွေကို ခွါချပီး


ဒင်းတို့တွေရဲ့ ခြေတော်ရင်း ငါဝပ်စင်းပေးပါ့မယ်...


ဆန်းသစ်အောင်

Thursday, March 15, 2012

့ သူငယ်ချင်း


သူငယ်ချင်း….

ငါတို့တတွေဟာ

ပြည်ပဆိုတဲ့ ရေမြေခြားနယ်မြေလေးထဲမှာ

# ထွက်ခွါလာရာချင်း

# ဦးတည်ရာပန်းတိုင်ချင်း မတူကြပေမယ့်

# လူပီသတဲ့သူ..

# ကူညီကြမဲ့သူ..

# အယူသီလ တူမျှတဲ့ သူတွေလေ---

# ထောင်လိုက်ဆက်ဆံရေးကို မလိုလား

အလျှားလိုက်ဆက်ဆံရေးကို ကြိုဆို

# သစ္စာကိုယုံရင် ဘ၀ဟာ လုံခြုံစရာ

# မေတ္တာကိုယုံရင် ဘ၀ဟာ ခုံမင်စရာ

# ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မအောင်းပေမယ့်

# နေရာတစ်နေရာမှာတော့ ခြင်္သေ့ဒါဇင်ကျော်အောင်းတယ်လေ…….

# ဆရာကြီးလုပ်ချင်တဲ့ မွေးရာပါဗီဇစိတ်ကြောင့်


# တစ်ချို့လည်မလိုနဲ့ အ သွားတတ်သူတွေရှိတယ်



# တချို့  အ မလိုနဲ့ လည်သွားတဲ့သူတွေလဲရှိတယ်..


# အိုင်တီခေတ်မှာ တိုင်မှီနေလို့မဖြစ်ဘူး(နောက်ကျကျန်ခဲ့မယ်)



# ၀င်သက်ထွက်သက် အမျှင်မပြတ်သမျှ သင်အပ်သမျှ ပညာတွေ


# သင်ပြီးရင်း သင်နေရမယ်…..


# ဘ၀မှာ အောင်မြင်ရေးအတွက်


# လမ်းဘေးမှာ ချန်ထားခဲ့ဘို့ လိုတာလေးတွေက


# အလွမ်းဆွေး ဓာတ်ခံလေးတွေ


# အနမ်းမွှေးမွှေးး ဆက်ရန်လေးတွေ….


# စကတ်တိုလည်ဟိုက်မလေးတွေပုံပြင်


# သွယ်ဝိုက်ပြီးလဲ မပြောချင်ဘူး


# ဘ၀မှာ လူရာဝင်ဘို့ ဆိုရင်


# သူတို့တွေ စာသင်ရဦးမယ်လေ…..


# ဟေ့ -သူငယ်ချင်း

# ချက်တင်(chatting)မှာ ပျာယာခတ်နေရုံနဲ့


# ဒို့တတွေရဲ့အနာဂတ်ဟာ လှပလာမှာမဟုတ်ဘူးလေ…


# အနာဂတ်ခရီး လှပဘို့အတွက်


# စက္ကန့်တိုင်းဟာ စိန်စီထားတာမို့


# ရှေ့ဆက်ဘို့အတွက် လမ်းမှန်ကိုရွေးရမယ်….


# ဟေ့-သူငယ်ချင်း


# ရေသောက်ပါများမှ နွေရောက်ပါလားမလုပ်နဲ့


# မနေ့က ဥသြတွန်သံ ငါ ကြားရတယ်၊


# နှင်းဖျောက်သံကြားမှ ဆောင်းပေါက်ပါလားမလုပ်နဲ့


# ဆီးနှင်းတောင်တွေကမင်းကို သရော်ကြလိမ့်မယ်၊


# လျှပ်စီးတွေမြင်ပါမှ မိုးဝင်လာပါပြီလားမလုပ်နဲ့


# မနေ့က ဖားအော်သံ ငါကြားရတယ်၊


# ဘ၀တစ်ခုရဲ့ သုံးရာသီကို


# အချိုးကျကျ ခွဲဝေသွားကြမယ်ဆိုရင်


# ဘ၀တစ်ခုရဲ့အနာဂတ်တွေကို


# ဒို့လက်တွေ နဲ့ ထုဆစ်သွားကြမယ်ဆိုရင်


# ကောက်ကျစ်တဲ့အကျင့်စရိုက်ဆိုးတွေကို


# ဒို့တတွေ ရိုက်ချိုးပစ်ကြမယ်ဆိုရင်


# မဲညစ်နေတဲ့ တိမ်တိုက်လွှာတွေဟာ


# ရှက်သွေးဖြာပြီး


# အဝေးကို ထွက်ပြေးကြလိမ့်မယ်၊


# လှပတဲ့ ကောင်းကင်ပြာတွေကို


# ဒို့တတွေ နမ်းရှိုက်ခွင့်ရကြမယ်လေ…….


ဆန်းသစ်အောင်(၂၄-၉-၂၀၀၉)

Wednesday, March 7, 2012

စာနာကြည့်လိုက်ပါ

လွယ်သတဲ့လား..... တစ်ရက်ထဲနဲ့ စီးဆင်းနေတဲ့ဒဏ္ဍာရီမှမဟုတ်တာ နှလုံးသွေးတို့ နဲ့ စီးဆင်းခဲ့တဲ့ဖြစ်တစ်စင်းပါကွယ်... ပယ်မတဲ့လား.. .တစ်ပါးသူ ပယောဂကင်းမဲ့ သခ်ါရ သဘောတရားသက်သက်နဲ့  ငါကိုယ်တိုင်ပျောက်ကွယ်ပေးမဲ့ မြစ်တစ်စင်းပါကွယ်... ပျော်မယ်တဲ့လား.. .နင်ပျော်မယ်ဆို ငါကိုယ်တိုင်ငါရင်ကိုခွဲ ရဲရဲကြီးအသေခံလိုက်ချင်ပါရဲ့  ငါ့အသွေးငါ့ အသားငါ့နှလုံးသားကို လက်ဆောင်အဖြစ် ပေးမဲ့ မြစ်တစ်စင်းပါကွယ်... ချစ်အောင်

Monday, March 5, 2012

အလွမ်းမျက်ရည်

<<<<<<အလွမ်းမျက်ရည် တဲ့ >>>>>
 
 လွမ်းလွန်းလို့  ရူးရတော့မယ်  
ချစ်သူရယ် ငါကပဲမှားသလား
 ငါအတွေးတွေပဲ ခါးသလား..
ငါကိုယ်တိုင်တောင်မသိခဲ့ 
နင့်အချစ်တွေထဲ ပျော်မွေ့ မိတဲ့အဖြစ်ပျက်
 ငါအတွက်တော့ ခါးသပ်နေခဲ့တယ်. 
.လွမ်းလွန်းလို့  ကျတဲ့ မျက်ရည်
မြင်ကြည့်လိုက်တော့သွေးမျက်ရည်၊၊၊၊
 အဆွေးတွေနဲ့ ရေးဖွဲ့သီကုံး
အဆုံးသက်က အမုန်းတော့မဖြစ်ချင်ခဲ့
နားလည်ပေးပါ ချစ်သူရယ်
 ငါချစ်တာတော့ သိစေချင်တယ် ၊၊၊၊
ငါဘာကိုစောင့်လို့ မျှော်နေလဲ
မင်းကမသိတော့ ငိုနေခဲ့၊၊၊၊၊
ချစ်သူရယ်နားလည်မှု့ နဲ့လက်တွဲရင်း
 နှစ်ယောက်ကမ္ဘာတည်ဆောက်လို့ 
 ငါ့အိမ်မတ်တွေကို နင်ကူညီပေးပါလားကွာ..

Friday, March 2, 2012

နွေဦးဒိုင်ယာရီ

လေရူးနှောက်ခါမှ နွေဦးရောက်ပါလား မလုပ်နဲ့
မနေ့က ငါ့ နှာခေါင်းဝမှာ အင်ကြင်ပန်းနံ့တွေ ရတယ်...
တစ်နှစ်တာ ငါ့ ဒိုင်ယာရီ စာမျက်နှာတွေထဲမှာ
ဒီနွေကာလကတော့ .....
မှတ်သားစရာဗလပွနဲ့ ပြဿဒါးကာလ..
ရွက်ဟောင်းတွေနေရာကို ရွက်သစ်တွေနဲ့ အစားထိုးကြ
လူဟောင်းတွေနေရာကို လူသစ်တွေနဲ့ အစားထိုးကြ
သူတော်ကောင်းတွေနေရာကို သူယုတ်မာတွေနဲ့ အစားထိုးကြ
ဒါတွေဟာ ပြောင်းလဲခြင်းနိယာမတွေမို့ ခေါင်းခဲစရာတွေတော့ မဟုတ်ပါဘူး..
ယခင်တုန်းက တပေါင်း တန်ခူးဟာ အကြောင်းမထူးခဲ့ပေမဲ့
ဒီနှစ်တပေါင်းတန်ခူးကတော့ အကြောင်းထူးပြီလေ..
ယခင်က ငလျင်ဆိုတာ ရင်ခုန်စရာမကောင်းခဲ့ပေမယ့်
အခုတော့ သူ့ရဲ့ရင်ခုန်နှုန်းက ...
(၁၆)နှစ်သမီးရင်ခုန်နှုန်းထက် ပြင်းထန်တယ်ဆိုတာ
ရှမ်းပြည်တာလေ အက်ကွဲကြောင်းတွေက သက်သေပြနေပြီ မဟုတ်လား..
ဂျပန်ပြည် ငလျင်သံစဉ်တွေက
မြန်မာပြည် တာလေထိ ချီတက်လာခဲ့လို့
မသတီစရာတွေနဲ့ ကြုံခဲ့ရတယ်ဆိုတာ
ကမ္ဘာတစ်လွှားထိ တုန်လှုပ် ချောက်ခြားသွားခဲ့ရတဲ့ အထိပါဘဲ....
အခုတလော ကြားနေရတဲ့ ၀မ်းသာစရာ သတင်းတစ်ပုဒ်က
ဘာသာရေး စိတ်မ၀င်စားတဲ့ တာလေက လူအချို့
အခုတော့ ဘာသာရေးကို စိတ်ဝင်စားလာကြပြီတဲ့လေ..
လက်တွေ့ပြမှ ယုံချင်တဲ့သူတွေအတွက် ကမ္ဘာမြေကြီးက ဖန်တီးပေးလေရော့သလား
တော်ပါသေးရဲ့ တစ်စစီ ကျိုးပဲ့သွားအောင်ထိ မလှုပ်ခါလိုက်လို့
ငလျင်ဒဏ်သင့်ဒေသကလူတွေ ငြီးငြူကြတာဟာ သဘာဝကျပေမယ့်
ဘာမဆိုင် ညာမဆိုင် ငလျင်မခတဲ့ ပြည်ပကလူတွေကလည်း
အပြိုင်အဆိုင် ငြီးငြူလာကြတာကတော့ သဘာဝမကျသလိုဘဲ
လက်တွေ့ကျကျ ပြောရရင် ဘန်ကောက်က လူတွေက ထိပ်ဆုံးက ဖြစ်လေမလား
အချို့က ယာယီပတ်စပို့စာအုပ်လုပ်ဘို့ အတွက်
အချို့က ၀ပ်ပါမစ်(work permit)လုပ်ဘို့အတွက်
အချို့က စက်ရုံသစ်မှာ အလုပ်ပြောင်းစမတ်ဘို့အတွက်
အချို့က လုပ်မစားနိုင်တော့လို့ အမိနိုင်ငံ ပြန်ဘို့အတွက်
အချို့က အမိနိုင်ငံက သားသမီးတွေရဲ့ စားဝတ်နေရေးအတွက်
အချို့က ရည်းစားကို လက်ထပ်လက်စွပ်ဝယ်ပေးဘို့အတွက်
အို...အားလုံးကို ရှုတ်နေတာဘဲ..
ဒါပေလည်း ညနေဆည်းဆာမှာတော့ သူတို့တွေ ဘီယာသောက်မပျက်ကြသလို
အသောမတတ်နိုင်တဲ့ အာရုံတွေဘက်လည်း သူတို့တွေ လိုက်စားမြဲ လိုက်စားနေကြဆဲပါဘဲ..
""ဆင်းရဲမွဲတေနေတာဟာ ရှက်စရာမဟုတ်
၎င်းဆင်းရဲတွင်းမှ လွတ်မြောက်အောင် ရုန်းမထွက်ခြင်းသည်သာ ရှက်စရာဆိုတဲ့""
ပညာရှိတွေရဲ့ မိန့်မှာစကား သူတို့တွေ မမှတ်သားကြလေရာ့သလား
တကယ်တော့ သူတို့တွေဟာ...
ပျားကောင်တွေလို မကျင့် ယင်ကောင်တွေလိုသာ ကျင့်ကြသူတွေပေါ့
ပျားကောင်တွေက အရည်စုတတ်လို့ ချမ်းသာကြပေမယ့်
ယင်ကောင်တွေက အရည်မစုတတ်ကြလို့ ဆင်းရဲမွဲတေနေကြတာဟာ
သူတို့တွေအတွက် သင်ခန်းစာ ယူစရာ ဇာတ်လမ်းတစ်ပုဒ်ပါဘဲ...
ငါ့ နွေဦးဒိုင်ယာရီ ရေးမှတ်လို့ ပြီးလုဆဲဆဲမှာဘဲ
အမှတ်မထင် ဖုန်းဝင်လာတယ်
"တာလေမှာ ငလျင်အသေးစားလေးတွေ အခုထိ လှုပ်နေဆဲပဲတဲ့"
အင်း .......
ဒီနှစ်နွေဦးမှာ ဘယ်တော့မှ ဥသြတွန်သံ ကြားရပါ့မလဲ...



ဆန်းသစ်အောင်









(7-Apri-2011)ည အမှတ်တရ
 " နွေဦး ဒိုင်ယာရီ "အတွက် သင့်အမြင်လေး ပြောခဲ့ပါဦး ........

..

Thursday, March 1, 2012

ဘလော့ဂါဆရာကြီးများသို့

အိုင်တီခေတ်ြကီးမှာ.....

တိုင်မှီနေလို့ မဖြစ်တော့တာနဲ့

အင်တာနက်ရေစီးကြောင်းထဲ

အများနည်းတူ ငါလဲ စီးမျောခဲ့ပါတယ်

ဂျီထော့(GTalk)ဂျီမေး(Gmail)ကအစ

ဘလော့၊၀က်ဆိုဒ်တွေအဆုံး

ငါတော့ လေ့လာနေရတုန်းပဲ

နည်းပညာတွေက လေ့လာလို့ မဆုံးဘူးလေ..

လေ့လာဆဲ ခရီးလမ်းတစ်ဝက်မှာ

မတောက်တစ်ခေါက် နည်းပညာရပ်လေးနဲ့

ဘလော့ ၀က်ဆိုဒ်တွေ ငါဖွင့်လျက်

အင်တာနက်ခရီး စထွက်ခဲ့ပါပြီ..

ဒါပေလည်း..

အချစ်စစ်ရဲ့လမ်းကြောင်းဟာ

မဖြောင့်တန်းသလို

အင်တာနက်ခေတ်ရဲ့ ခရီးအစဟာလည်း

မဖြောင့်တန်းခဲ့ပါဘူး..

ဖေကူးမလိုလိုနဲ့ သွေးဆူအောင် လုပ်တဲ့သူတွေရှိသလို

ဖေးမ မလိုလိုနဲ့ ဘေးချမဲ့သူတွေကလည်း ဒုနဲ့ဒေး

ဘလော့အချင်းချင်း လင့်ချိတ်ကြတာ

ခင်မင်စရာ ကောင်းပေမယ့်

နာမည်မရှိတဲ့ ဘလော့လေးတွေကိုတော့

သူတို့တွေ လက်ရှောင်ကြတယ်လေ..

"ဆရာကြီး"ဆိုတဲ့ အထာကြီးတွေနဲ့ပေါ့..

ဆရာကြီးဆိုတဲ့ သူတို့တွေကော

ဘယ်အဆင့်က စခဲ့ကြရသလဲ

ငါမမေးရဲဘူး..(စိတ်ဆိုးမှာစိုးလို့)

လင့်ချိတ်ခ ဘယ်လောက်ပေးရမလဲ

ငါ မေးကြည့်ချင်တယ်..

ဆရာကြီးဆိုတဲ့ အထာကြီးနဲ့

ဘယ်အချိန်ထိ ရှင်သန်နိုင်မလဲ

ငါ သိတာကတော့..

အားလုံး တစ်နေ့တော့ သေကြရမှာဘဲ..

ဒီဘ၀ ခဏထားလိုက်ဦး

နောင်ဘ၀အတွက်

ဆရာကြီးဆိုတဲ့ အထာကြီးက

ဘယ်လောက်ထိ အာမခံချက်ပေးမှာမို့လဲ..

ဆရာကြီးးတို့တွေရဲ့ အထာကို

ဘေးဖယ်ထားပီး

ဘလော့ဂါအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေလို့...







ဆန်းသစ်အောင်

(မှတ်ချက်)မေးထဲရောက်လာသောဘလော့ဂါငယ်တစ်ဦး၏စာအား ခံစားရေးဖွဲ့ပါသည်

မွေးနေ့ အိပ်မက်

ဒီနေ့ နံနက်ခင်းဟာ


ငါ့အတွက်တော့


ကောင်းကောင်းမိုးမလင်းနိုင်ခဲ့ဘူး...


မျှော်လင့်မထားတော့တဲ့ သံစဉ်တေးတစ်ပုဒ်


မျက်စိလည် လမ်းမှားပြီး


ငါ့ အိပ်မက်ထဲ ၀င်ရောက်လာခဲ့လို့လေ..


တစ်ချိန်တုန်းက


အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တဲ့ ငါဟာ


အခုတော့


အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တဲ့ ငါမဟုတ်တော့ဘူး


တကယ်တော့ အိပ်မက်ဟာ


တစ်ခါတစ်ရံ ကြည်နူးမှုကို ပေးတတ်သလို


တစ်ခါတစ်ရံ ပူလောင်မှုကို ပေးတတ်တာမို့


အိပ်မက်ကို အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး


မှော်မင်းသမီးတစ်ပါးလို လှည့်စားတတ်ပြီး


မိစ္ဆာတစ်ကောင်လို ယုတ်မာတတ်တာမို့


အိပ်မက်ကို အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး


ငါ့ မွေးနေ့အိပ်မက် ဂယောက်ဂယက်မို့


ဂျောက်ဂျက်သိရင် သီချင်းလုပ်ဆိုမှာ အသေအချာဘဲ..


တကယ်တော့ အိပ်မက်ဟာ အိပ်မက်ပါဘဲ..


စိတ်ပျက်စရာမလိုပါဘူး..


ရှေ့ဆက်စရာတွေ ရှိနေသေးရင်


အိပ်မက်ကို အိပ်ယာထဲမှာ ထားခဲ့ဘို့အတွက်


ငါ့ မွေးနေ့အိပ်မက်က


သက်သေပြလိုက်တာထင်ပါရဲ့...




ဆန်းသစ်အောင်
အင်္ဂလန်ပရီးမီးယားလိခ်