လာရောက်လည်ပတ်သူအားလုံးကိုသဲကွဲမျက်ရည်မှထူးကျေးဇူးတင်ရှိပါတယ်ခင်မျာ


Tuesday, April 3, 2012

ပိတောက် မေမေ(Mother of PaDauk)


ဧပရယ်(၁)ရက်......

နွေ၏နံနက်မှာ

ပိတောက်တစ်ခက်နှင့်အတူ

မေမေရဲ့ ဒီမိုကရေစီ အောင်ဂေဇက်အတွက်

သားတို့တွေ ရင်ခုန်စွာ စောင့်မျှော်နေခဲ့ကြတယ် မေမေ..

နှစ်နှစ်ဆယ်လုံးလုံး ကျက်ထားတဲ့စာတွေ

မေမေ ဖြေဆိုနိုင်လိမ့်မယ်ဆိုတာ

သားတို့အားလုံး သိပြီးသားပါမေမေရယ်...

ဒါပေမယ့်...

ပီးခဲ့တဲ့ စာမေးပွဲတွေမှာ

မေမေ လုံးဝဖြေဆိုနိုင်ပါလျှက်နဲ့

သူတို့တွေ ဖြုတ်ချခဲ့ဘူးတာမို့

ခဲမှန်ဘူးတဲ့ စာသူငယ်တစ်ကောင်လို

မေမေအတွက် သာတို့တွေ စိုးရိမ်နေခဲ့မိတာ အမှန်ပဲ..

အခုစာမေးပွဲမှာတော့ ....

မေမေ လုံးဝ အမှတ်ပြည့်ပြည့် သိက္ခာရှိရှိနဲ့

အောင်မြင်သွားခဲ့ပီမို့

သားတို့တွေအားလုံး ၀မ်းသာပီး ကခုန်လိုက်ကြတာ

ကားတွေ တ၀ီဝီနဲ့ လှည့်လည်အောင်ပွဲခံလိုက်ကြတာ

လာမည့်သင်္ကြန်မှာ ပျော်ဘို့တောင် ကျန်သေးရဲ့လားလို့

မေးယူရမလောက် ဖြစ်ခဲ့မိတယ် မေမေရယ်..

အဖေ မရှိတော့တဲ့နောက်...

သားတို့တွေဟာ

မေမေကိုပဲ အားကိုးခဲ့ရတာမဟုတ်လား

ဒီနေ့တော့ သားတို့တွေ အားကိုးရကျိုးနပ်ခဲ့ပါပြီ မေမေ..

ပိတောက်ပန်းတွေဟာ....

တစ်နှစ်မှာ တစ်ကြိမ် တစ်ခါလောက်သာ ပွင့်တတ်ကြသလို

သားတို့တွေ တသက်မှာလည်း မေမေလို လူမျိုးဟာ

တစ်ခေတ်မှာ တစ်ယောက်ဆိုသလို

ခက်ခဲစွာေ ပ်ါလာခဲ့တာမို့

မေမေကို ဂုဏ်ပြု ခေါ်ဝေါ်လိုက်ချင်တာက

အနှိုင်းမဲ့ မေမေ .....

ဂန္တ၀င် မေမေ..........

ကောင်းကင်မေမေ.........

ဒီမိုကရေစီ မေမေ..........

(သို့မဟုတ်)

ပိတောက် မေမေ............
ဧပရယ်(၁)ရက်နေ့ မေမေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုလျှက်



ဆန်းသစ်အောင်

1 comment:

  1. ကဗျာလေးက အဓိပ္ပာယ်ရှိတယ် :D

    ReplyDelete

အခုလို ဝေဖန်အကြံပြူသွားတဲ့အတွက်
ကျေးဇူးနော် သယ်ရင်း..

လေးစားခင်မင်တဲ့

ကျနော် ချစ်အောင်

အင်္ဂလန်ပရီးမီးယားလိခ်